ဗောဓိဗေဒ
ဗုဒ္ဓ၏စိတ်ပညာကို အနောက်တိုင်းတက္ကသိုလ်ကျောင်းသုံးစာအုပ်အဖြစ် မူရင်းသဘာဝအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်။
ဗောဓိဗေဒ ဟူသညအကျွတ်တရားသိပ္ပံပညာရပ်အသစ်တခုဖြစ်၏။ ဗောဓိဗေဒကို ဖတ်ရှုရာတွငသိပ္ပံကျမ်းတအုပ်ကို လေ့လာရသလို ခံစားတွေ့ ကြုံရမည်ဖြစ်ပြီး အရှေ့ တိုင်းမှာဖြစ်စေ အနောက်တိုင်းမှာဖစ်စေ ရေးလေ့ရေးထရှိကြသော ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များနှင့် လုံးဝခြားနားနေသည်ကို အံ့အားတသင့် တွေ့ ရှိရပါမည်။
သိပ္ပံစာအုပ်ထုံးစံ လွယ်ရာမှခက်ရာသိုလှေကားတထစ်ချင်း တက်ရသလို နိမ့်ရာမှ မြင့်ရာသိုတက်နည်း (ground-up approach) ဖြင့် တဆင့်စီ ရေးထားသည်။ တရားကိုယ်သစ်တခုကို ပွဲထုတ်ရာတိုင်း ဇာတ်သည်လာပီးမှသာ ပွဲထုတ်ပေး ထားသောကြောင့် အသေးစိတ်ကျယ်ဝန်းသည်။ သူအယငပွဲထုတ်ပေးထားပြီးသား တရားကိုယ်များနှင့်လည်း နောက်ပြနပေါင်းကူးပေးသော (conceptual backward bridging) နည်း များကို သုံးထားသည်။ တရားကိုယ်တခု သည  အချက်အလကမစုံသေးခငတပိုင်း တစသာ ဖွင့်ဆိုပွဲထုတ်ပေးနှင့်သင့်၍ နောင်အချက်အလက်များ စုံလာလျှင် စုံလာသလိုဖည့်စွက်ဖွင့်ဆိုပေးသောနည်း (progressive defining method) မျိုးကိုလည်း သုံးထားပါသည်။ ဤသည့် ပွဲထုတ်နည်း များကို သုံးရခြင်းမှာ ဗုဒ္ဓစာပေ နောက်ခံရှိ မထားသော အနောကတိုင်းသားများ အပါအ၀င် မည်သူမဆို နားဝင်လွယ်စေခြင်း သဘောပေါကလွယ်စေခင်း အကျိုးငှာဖြစ်သည်။
ဤကဲ့သိုအင်္ဂလိပ်စကားလုံးသက်သက်တို့ ဖြင့်သာ ဘာသာရပ်ဆိုင်ရာဝေါဟာရများကို သုံးနှုံးရသည့် အရေးကြီးသည့် တခြား အကြောင်းတခု မှာကား  ထေရ၀ါဒ မူရင်းတရားများကို သိပ္ပံပညာရပ်နယ်ပယ်အတွင်း အထာတကျ အံဝင်ခွင်ကျ အုပ်မြစ်ချပေးနိုင်ရေးနိုင်ငံတကာမလူမျိုးမရွေး ဘာသာမရွေး ဦးနှောက်အသား ပေး သဘာဝပညာရပ်တခုအဖြစ် လက်ခံကြကာ  လေ့လာနိုင်စေရေး စမ်းသပကျင့်သုံးကြည့်နိုင်စေရေး ပင်ဖြစ်ပါသည်။
လူမှုရေးသိပ္ပံ (social science)၊ ပတ်ဝန်းကျင်သိပ္ပံ (environmental science) စသည်ဖြင့် နယ်ပယ်အသီးသီးတွငသိပ္ပံနည်းဖြင့် ချဉ်းကပလေ့လာနေကြသော ခေတ်တွငဗုဒ္ဓ၏ အကျွတ်တရားစိတ်ပညာကိုလည်း သိပ္ပံပညာရပတခုအဖြစအခိုင်အမာ ရပ်တည်လာနိုင်စေရန် ကြိုးပမ်းထိုက်လှပါသည်။
ဤကဲ့သိုအကျွတ်တရားသိပ္ပံပညာရပ်တခု ခိုင်ခိုင်မာမာ တည်ရှိလာမတည်ရှိနေမသာလျှင် ထေရ၀ါဒမူရင်း တရားများကို စာတေ  လက်တေ  စံနစ်တကစမ်းသပအတည်ပြု ပေးသော (test, experiment, verification and confirmation) နည်းများဖြင့် သာသနာ အဓွန့် ရှည် တည်တံ့ရေးကို နိုင်ငံတကာမအကျွတ်တရား သိပ္ပံပညာရှင်များက  တဖက်တလမ်းမှ တာဝန်ယူ ပံ့ပိုး သွား နိုင်ကြမည် ဖြစ်ပါသည်။
အထက်ပါရည်ရွယ်ချက်များနှင့်အညီ ထေရ၀ါဒမူရင်းတရားကို အနောက်တိုင်း တက္ကသိုလ်အဆင့် သိပ္ပံကျောင်းသုံးစာအုပ်အဖြစအုတ်မြစ်ချ ကြိုးပမ်း တင်ပြရာတွငဗောဓိဗေဒကျမ်းသည် နိုင်ငံတကာစာပေတွငပထမဆုံးစာအုပ်အဖြစရပ်တည်လျက် ရှိပါသည်။
ိုဗယ်လ်ဆုရ ဂျာမန်စာရေးဆရာကြီး Herman Hess ၏ Siddhartha တွင် ပါရှိနေ သော အမြင်မှားတရပ်ကို ထေရ၀ါဒအကျွတ်တရား ရှုထောင့်မှ အသေးစိတ်ဝေဖန် သုံးသပ်ပြထားသည်ကို လည်း ဤဗောဓိဗေဒကျမ်းမှတပါး အခြားစာအုပ်များတွငတေိုင်စရာ အကြောင်းနည်းပါးလှပါသည်။
စာရေးသူသည် ၁၉၈၀ ပြည့်နှစ်တွင် သြစတြေးလျားနိုင်ငံ ကင်ဘရာမြိ  တွငစတငအခြေချနေထိုင်ကာ ဤကျမ်းကိုပုစုရနတစတစ သုတေသနပုလာခဲ့ပါသည်။ ထိုသိုသုတေသနပုလာခဲ့ရာတွင် ပြည်ဆရာတော် နှင့် မဟာစည်ဆရာတော်တို့ ၏ နိဿယများကို မှီငြမ်းပြုခဲ့ရပါသည်။
စာရေးဆရာ ဟိန်းလတ် သြစတြေးလျားသို့ ၁၉၈၅ ခုနှစ်တွငပညာတော်သငလာခဲ့စဉ်တွငကဗျာဆရာ စာရေးဆရာ မောင်စွမ်းရည်၏ စီစဉ်တိုက်တွန်းမှုအရ ကမကထသည်ဆောင်လာခဲ့သော အရှင်ဇနကာဘိဝံသဆရာတော်၏ ဘာသာဋီကာ ကျမ်းကြီးများကိုလည်း အထူးမှီငြမ်းပြုခွင့်ရခဲ့ပါသဖြင့် ထိုဆရာနှစ်ဦးအား ကျေးဇူး တင်လှပါသည်။
၁၉၉၃ ခုနှစ်ဦးတွငဗောဓိဗေဒကျမ်းကို စတင်ရေးဖြစ်ကာ ၁၉၉၆ ခုနှစ်တွငကျမ်းပြီးပါသည်။ အကြောင်းအမျိုးမျိုးတိုကြောင့် ၁၆ နှစ်ကြာ နှစ်ခြားပြီးမအခုမှသာ ပထမအကြိမကင်ဘရာမြိ  တွင် စတင်ထုတ်ဝေဖြစ်ပါသည်။
         ဗောဓိဗေဒကျမ်းသညစာမျက်နှာ ၆၀၀ ကျော် ပါရှိ၍ တ၀ကြီး ဖတ်ရှုရပါမည်။
Home
bodhiology